Pages

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်း

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းဖြစ်ပါတယ်…။ အရင်ဦးဆုံး Zawgyi Font and Zawgyi typing Keyboard မရှိသေးသူများ ကျနော်အောက်မှာပေးထားတဲ့ Links လေးတွေကနေ အရင်းဆုံးဒေါင်းလုပ်ယူလိုက်ပါ…။ ပြီးရင် Zawgyi-One Font ကိုInstall လုပ်ပါ…. Zawgyi typing Keyboard ဖိုင်ကိုဖွင့်ပြီး Setup ဆိုတာလေးကို Install လုပ်လိုက်ပါ...။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ....။ အဲဒါတွေက ပထမအဆင့်ပါ… ဒုတိယအဆင့်က Control Panel ထဲဝင်ပြီး Language Setting ကိုပြင်ရပါမယ်…။ 
အဆင့်(၁) Control Panel ဖွင့်လိုက်ပါ ပြီးရင် All Control Panel Items ထပ်ဖွင့်လိုက်ပါ…။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Language ဆိုပြီး ကမ္ဘာလုံးပုံလေးကို ကလစ်လိုက်ပါ….။

အဆင့်(၂) ပုံမှာပြထားတဲ့အတိုင်း Advaced Settings ဆိုတာကို ကလစ်လိုက်ပါ...။

အဆင့်(၃) ပုံမှာပြထားတဲ့အတိုင်း Override for default input method ဆိုတာကိုရှာပါ...။ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L ဆိုတာလေးကို ရွေးပေးပါ... ပြီးရင် Save လိုက်ပါ...။ ဒါဆိုရင် Zawgyi Font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ...။

Download For Zawgyi-One font  

Download for Zawgyi keyboard 

Download for IE Zawgyi Gtalk Font 
>ဆက်ဖတ်ရန်>

Zawgyi-One ရော Unicode ပါ တပြိုင်နက်ဖတ်နိုင်အောင်လုပ်နည်း

ကျနော်အခုရေးပြချင်တဲ့တော့ပစ်လေးဟာ ဆိုက်တော်များတင်ထားပြီးသားဖြစ်ပါတယ်။ သို့သော်မပြည့်စုံတဲ့အ ချက်အလက်တွေကို ထပ်ဖြည့်တဲ့သဘောပါ။ ဆိုက်မှာအများစုရေးထားကြတာ Zawgyi-One ရော Unicode ပါ တပြိုင်နက်ဖတ်နိုင်အောင် လုပ်နည်းသာရေးတာများပြီး Zawgyi-One, Unicode Converter box ပေါ်အောင် ထည့်နည်းကျတော့ မပါတာများတယ်။ အဲဒါကိုထည့်ပေးမှ ဒီတော့ပစ်နဲ့ပိုပြည့်စုံမှာဖြစ်တယ်။ ဒါကြောင့်လိုချင်တဲ့ သူများအတွက် ထပ်မံဖြည့်စွက်ပြီးတင်ပေးလိုက်တယ်နော့်..

 Zawgyi-One, Unicode Converter box





Browser အသီးသီး Zawgyi-One ရော Unicode ပါ တပြိုင်နက်ဖတ်နိုင်အောင်လုပ်နည်း

Mozilla Firefox အတွက်လုပ်နည်း
1. Menu ရဲ့ Tools > Options > Content tab မှာ Default Font ကို Zawgyi-One ပေးထားပါ.
2. Font Size ဘေးက Advanced button ကို ထပ်နှိပ်ပါ.. အဲဒိမှာ
3. Allow pages to choose their own fonts, instead of my selections above” ဆိုတဲ့ စာကြောင်းလေးကို အမှန်ခြစ်ပေးပါ။
4. အောက်က default character encoding မှာ Unicode UTF-8 ကိုရွေးပါ။

ပုံကိုကြည့်ပြီးလိုက်လုပ်ပါ...


ဒါဆိုရင် သင့်အနေနဲ့ Mozilla Firefox ကို အသုံးပြုပြီး Zawgyi-One နဲ့ရေးထားတာရော Myanmar3 နဲ့ရေးထားတာကိုရော ဖတ်ရှုလို့ရနိုင်ပါပြီ။ အောက်က ပုံကို ကြည့်ပြီး လုပ်ရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။





 nter Explorer အတွက်လုပ်နည်း


  • Click to download Myanmar3_IE.reg



  • ဖိုင်ကိုဒေါင်းလုဒ်ယူပြီးတာနဲ့ Myanmar3_IE.reg ကို install လုပ်ပါ



  • Tools အောက်က Internet Option က fonts ကို Zawgyi-One ကိုပေးထားရပါမယ်.။



  • ဒီ နေရာကို click ပြီး save လုပ်ပါ။



  • IEကိုဖွင့်ပါ.. Tools >Internet Option>Accessibility > user style sheet မှာ Format document usingmy style sheet ကို အမှန်ခြစ်ပြီး Browse ကနေတဆင့် ခုန save လုပ်ထားတဲ့ ie.css ကိုထည့်ပေးပါ..။



  • Google chrome အတွက်လုပ်နည်း


  • Google chrome browser ကိုဖွင့်ပါ



  • ဒီ link ကို copy လုပ်ပြီး chrome browser ကနေဖွင့်ပါ။ https://chrome.google.com/webstore/detail/dlgmiidgfdpjcnhnhafijlpinepjkpnd



  • ကျလာတဲ့ page မှာ install button ကို click လုပ်လိုက်ပါ။ (click to see image)



  • ပြီးသွားရင် chrome ရဲ့ toolbar မှာ “က၊ခ” ကွက်ကလေးကိုတွေ့ ပါလိမ့်မယ်။ (Click to see image) ဒါဆိုရပါပြီ။


  • (အပေါ်ကအချက်အလက်တွေဟာ Myanmar Net Knowledge မှ မှီငြမ်းထားသည်)
    >ဆက်ဖတ်ရန်>

    FaceBook Save Photo 4 Apk ( Android Application )


    Facebook ပေါ်က ဓာတ်ပုံတွေကို Save လုပ်ချင်တယ်ဆိုတဲ့ အစ်ကိုအတွက် တင်ပေးလိုက်ပါပြီ အသုံးပြု
    ပုံကတော့ Facebook app ကိုဖွင့်ပြီးလိုချင်တဲ့ပုံကို နိပ်ပါ ပြီးရင်share နိပ်ပါ။အဲဒီမှာ FB photo save ဆိုတာတွေပါလိမ့်မယ် ခင်မျာ... Download ရယူနိုင်ပါပြီ

    dropbox  မှတင်ပေးလိုက်ပါတယ်
    >ဆက်ဖတ်ရန်>

    ဘောလုံးပွဲ သတင်းတွေ ကို Android ဖုန်းပေါ်ကနေ ဖတ်ချင်ရင် (Myanmar Version)



    ဘောလုံးပွဲ သတင်းတွေ ကို Android ဖုန်း ပေါ်ကနေ ဖတ်နိုင်ပါတယ်... ဘောလုံး ဝါသနာအိုးတွေအတွက် အဆင်ပြေစေမှာပါ... သူငယ်ချင်းတစ်ယောက် ပို့ပေးလိုက်လို့ တင်ပေးလိုက်တာပါ... မူရင်းရေးသားသူ မသိရပေမဲ့ ရေးသားသူကို Credit ပေးပါတယ်...

    dropbox  မှတင်ပေးလိုက်ပါတယ်
    >ဆက်ဖတ်ရန်>

    Colors For Facebook ( for Android )


    အရင်အပတ်က ကျွန်တော့သူငယ်ချင်းက firefox ပေါ်မှာ Facebook ကို ကာလာ လေးတွေ ပြောင်းသုံးတဲ့နည်းလေးတင်ပေးထားပါတယ်။ ခုဖော်ပြပေးမဲ့ဆော့ဝဲလ်လေးကတော့ Android Device ပေါ်ကနေ Facebook အသုံးပြုတဲ့သူငယ်ချင်းများ အပြာရောင်ကြီး သုံးနေရာတာ ငြီးငွေ့နေမှာဆိုးလို့ တွေ့တာလေး ပြန်လည်ဝေမျှပေးတာပါ။
    အသုံးပြုပုံလေးကလည်းလွယ်ကူပါတယ်။ ဆော့ဝဲလ်လေးကိုဖွင့် အင်တာနက်လိုင်းဖွင့် username နဲ့ password ကလေးထည့်ပြီး login ၀င်လိုက်ပါ။ ပြီးရင် အပေါ်ထိပ်နားလေးက Temes ဆိုတာလေးကို နှိပ်ပြီး မိမိကြိုက်နှစ်သက်ရာ အရောင်လေးတွေ ကို ပြောင်းလဲ အသုံးပြုနိုင်ပါပြီခင်ဗျာ။ အပြောင်းအလဲလေးဖြစ်တော့ ကြည်နူးစရာလေးတစ်မျိုးပါ။ ဘာရယ်တော့မဟုတ်ပါဘူး facebook ရဲ့ အသွင်အပြင်လေးက မမြင်တစ်မျိုးဆန်းသွားပါတယ်။ သူငယ်ချင်းအားလုံးကို အထူးကျေးဇူးတင်ပါတယ်။


    dropbox  မှတင်ပေးလိုက်ပါတယ်
    >ဆက်ဖတ်ရန်>

    Caller Name Announcer


     
     ဒီဆော့ဝဲလ်လေးကတော့ မိမိဆီကို တစ်ခြားသူက ဖုန်းခေါ်တယ်ဆိုရင် ဖုန်းထဲက မှတ်သားတဲ့ နာမည်တွေကို အသံလေးထွက်ပြီးခေါ်ပေးမှာပါ english လိုပေးထားတဲ့နာမည်တွေကို ပီပီသသခေါ်ပေးပြီး မြန်မာလို မှတ်သားထားတဲ့ နာမည်တွေကို phone calling ဆိုပြီးအသံထွက်ပေးမှာဖြစ်ပါတယ် မိမိတို့ရဲ့ Ringtone အသံလေးလဲ မပျောက်ပါဘူး ခေါ်ဆို အသိပေးမှုကိုလည်း အကြိမ်အရေအတွက် သတ်မှတ်ပေးနိုင်ပါတယ်။
    အသုံးပြုပုံလေးကတော့ ဆော့ဝဲလ်လေးကိုဖွင့်ပြီး Enable auto announcer ရဲ့ ဘေးက အမှတ်ကလေးကိုခြစ်ပေးလိုက်ရုံပါပဲ။အောက်က Call Name Repeat Count ကတော့ မိမိဆီကို အသံလေးဘယ်နှစ်ကြိမ်ခေါ်စေချင်တယ်ဆိုတာကို သတ်မှတ်ပေးလို့ရတဲ့ Featureလေးပါ။ Playstore မှာတော့ အခမဲ့ပေးထားပါတယ်။ ဒေါင်းလုပ် လုပ်ဖို့ အခက်ခဲဖြစ်နေတဲ့သူငယ်ချင်းများ အောက်က လင့်လေးကနေပြန်လည်ဝေမျှပေးလိုက်ပါတယ်။

    dropbox  မှတင်ပေးလိုက်ပါတယ်
    >ဆက်ဖတ်ရန်>

    Android ရဲ့ ဖုန်းလိုင်းဆွဲအား၊ Internet ဆွဲအား၊ ဘက်ထရီကြာရှည်ခံမှု စတဲ့ ဖုန်းနဲ့ပတ်သက်တာတွေကို မြှင့်တင်ပေးမယ့် All in One Booster Pro for Android


    ဒီ App ကတော့ Android Devices တွေမှာ ဖုန်းလိုင်းဆွဲအားကို မြှင့်တင်နိုင်ပါတယ်.. Internet လိုင်းအားကို မြှင့်တင်ပေးတယ်.. Wi-Fi ကို ပိုမိစေတယ်.. ဘက်ထရီသက်တမ်းကို ပိုကြာကြာခံအောင်လုပ်ပေးတယ်... Android OS ကို ပိုသွက်အောင်လုပ်ပေးမယ်.
    ဒါကြောင့် All In One Booster လို့တောင် နာမည်ပေးထားတာထင်တယ်..  Android 2.1 နှင့်အထက် တွေမှာသုံးစွဲနိုင်ပါတယ်... 

    dropbox  မှတင်ပေးလိုက်ပါတယ်


    >ဆက်ဖတ်ရန်>

    Handwriting Calucator for Android


     ဒီဆော့ဝဲလ်လေးကတော့ နံပါတ်တွေကို နှိပ်စရာမလိုပဲ လက်နဲ့ရေးပေးပြီး တွက်ချက်လို့ရတဲ့ Calculator လေးပါ သူငယ်ချင်းတွေ အသုံးပြုလို့ရအောင် ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ။

    dropbox  မှတင်ပေးလိုက်ပါတယ်
    >ဆက်ဖတ်ရန်>

    Youtube က သီချင်းတွေကို အလွယ်တကူ ယူနိုင်ပါပြီ



    ဖုန်းထဲကနေဗီဒီယိုတွေသီချင်းတွေယူချင်ရင် ကောင်းမွန်တဲ့ဆော့ဝဲလေးတစ်ခုပါ
    ဒီဟာလေးထည့်ထားလိုက် ။Youtube က သီချင်းတွေကို အလွယ်တကူ ယူနိုင်ပါပြီ
    လိုင်းကောင်းဖို့ တော့လိုတယ်နော ။  စက်ရုံက ၀ိုင်ဖိုင်ရသူတွေအတွက် အဆင်ပြေ
    လွယ်ကူပါတယ် စမ်းဒေါင်းကြည့်တာ အဆင်ပြေလို့  မျှဝေလိုက်ပါတယ်............။
    MP3 အဖြစ်လည်း ဒေါင်းလုပ်ယူနိုင်ပါသေးတယ် တကယ့် ဖလမ်းဖလမ်းလေးပါ

    dropbox မှတင်ပေးလိုက်ပါတယ်

    ဆော့ဝဲကို အင်စတောလုပ်ပြီး ဖွင့်ထားလိုက်ပါ
    လိုချင်တဲ့သီချင်းကို ရှာပြီး ဖွင့်လိုက်ပါ ( မြန်မာလို အင်္ဂလိပ်လို ရှာနိုင်ပါတယ်)
    သီချင်းကို Play လိုက်တာနဲ့  Download Or Watch လို့ ပေါ်ပါတယ်
    Download ယူပြီးတာနဲ့  Phone ထဲက Download ဖိုင်ထဲမှာ ကြည့်ပါ
    >ဆက်ဖတ်ရန်>