kd-family
Pages
Home
ရှေးမွန်ဘုရင်များ၏ ကုသိုလ်ဒါန နဲ့ ရွှေတိဂုံ စေတီတော်
ဂေါတမမြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်နှင့် ဘုရားအဖြစ်သို့ရောက်သောအချိန်အခါတွင် ရာမညတိုင်း အသိတဥွနနဂိုရ်မြို့မှ မွန်ကုန်သည်င်္ညနောင် “တဖုဿ နှင့် ဘလ္လိက”တို့သည်မစ္ဖျိမဒေသ သို့ကုန်ကူးသွားကြလေသည်။မစ္ဖျိမဒေသသို့ လှည်း၅၀၀ဖြစ်သွားကြရာ လမ်းခရီး၌ အတိတ်ဘဝက မိခင်တော်စပ်ဖူးသည့် ညောင်ပင်စောင့်နတ်က “ဂေါတမမြတ်စွာဘုရားသည်ဘုရားအဖြစ်သို့ရောက်ရှိ နေသည်မှာ ၄၉ ရက်ကြာခဲ့ပြီး မည်သူတစ်ယောက်မှ ဦးဦးဖျားဖျားမလှူဒါန်းခဲ့ရချေဘုရားရှင်အားဖူး တွေ့ ပြီး တရားရေအေး အမြိုက်ဆေးကို နားကြားကြကုန်လော့”ဟုစေညွှန်းပေးခဲ့သည်။ မွန်ကုန်သည်တို့သည်ညောင်ပင်စောင့်စေညွှန်းချက်အရဆက်သွားရာရာဇယတနလင်းလွန်း(တႝံဗပိုင်) ၌သီတင်းသုံးနေသော မြတ်စွာဘုရားအား ဖူးတွေ့ရပြီး မိမိတို့သည် အသိတဥွနနဂိုရ်မြို့ပေါက္ခ၀တီ အရပ်မှကုန်ကူးရန်အတွက် လာကြောင်း ဘုရားရှင်၏တရားတော်ကို နာယူလိုကြောင်း မိမိတို့သည် မုံ့ကြွက်ကိုလည်းကောင်း၊ပျားမုံ့ဆုပ်ကိုလည်းကောင်း၊ထောပတ်ကိုလည်းကောင်းလှူဒါန်းလိုကြောင်း လျှောက်တင်ကြကုန်၏။မြတ်စွာဘုရားသည် ကုန်သည်ညီနောင်တို့၏ ဆွမ်းကို သပိတ်ဖြစ်အလှူခံလို ကြောင်းကို“စတုမဟာရာဇ်”နတ်မင်းလေးပါးက သိတော်မူသဖြစ်သပိတ်၎လုံးလှူဒါန်းသဖြစ်ဘုရားရှင် က သပိတ်တစ်လုံးထဲ ဖြစ်အောင်ဖန်ဆင်းပြီး “တဖုဿ နှင့် ဘလ္လိက” ၏ဆွမ်းကို ဘုဉ်းပေးလေသည်။ထို့နောက်“တဖုဿ နှင့် ဘလ္လိက” ကုန်သည်အားတရား အမြှတ်ဆေး တိုက်ကျွေးတော်မူလေသည်။ ဘုရားရှင်သည် ရာမညတိုင်းတွင် သာသနာအဓွန့်ရှည်စေရန်အကျိုးငှါး ဓါတ်တော်၈ဆူကိုပေးသနား တော်မူခဲ့သည်။“တဖုဿ နှင့် ဘလ္လိက” တို့သည် ဆံတော်၈ဆူကို ပင့်ဆောင်၍ မိမိတို့နေရပ်ရာမည တိုင်းတို့ ပြန်ရောက်သော် ဥက္ကလာပမင်းအား ဆံတော်အပ်နှံခဲ့ပါသည်။ “ဥက္ကလာပမင်း”ကြီးမူးပြီး ထို ဆံတော်ကို “တမ္ဗဂုတ(ခေါ်)သိင်္ဃုတ္တရကုန်းတော်” ပေါ်တွင်စေီတည်ကာဌာပနာထားတော်မူသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသောနှစ်မှ“၂၃၆-နှစ် ”လွန်လတ်သော်မစ္ဖျိမဒေသမှ“သောဏထေရ် နှင့် ဥတ္တရထေရ်”ရဟန္တာ မထေရ် နှစ်ပါးတို့သည်“သုဝဏ်ဏဘူမိ”သထုံပြည်သို့သာသနာပြုကြရန် ရောက်လာကြသည်။ သထုံပြည့်ရှင် “သီရိမာသောက မင်းကြီး”သည်အရှင်နှစ်ပါးအားလျှောက်ထားသည်မှာ ဓမ္မရတနာ ၊သံဃာရတနာ ကို တပည့်တော်တို့ ရှိခိုးပူဇော်ရပါပြီး ဗုဒ္ဓရတနာတစ်ပါးကိုတာ ရှိခိုးပူဇော်ခွင့် မရ သေးပါ ဘုရာရှင်၏ ဓါတ်တော်ကို ဗုဒ္ဓရတနာ အဖြစ်ကိုးကွယ်ချင်ပါသဖြစ် အရှင် ဘုရားတို့သည် တပည့်တော်တို့အတွက် ဆောင်နှင်း ပေးတော်မူရန် လျှောက်ထားသောအခါတွင်မထေရ်မြတ်နှစ်ပါး သည် တမ္ဗဂုတ(ခေါ်)သိင်္ဃုတ္တရကုန်းတော်မှ“တဖုဿ၊ဘလ္လိက၊ဥက္ကလာပမင်း” တို့ဆံတော်ရှင်ကို ဌာပနာထားသည့် စေတီတော်မြတ်မှာ တောချုံများနှင့်ဖုံးအုပ်နေပါသဖြစ် လူသူမသိကြသော နေရာ ၌ရှိနေသော ဆံတော်ရှင်စေတီတော်ကို “သီရိမာသောက မင်းကြီး” ပြလေတော့သည်။ထို အခါတွင် “သီရိမာသောက မင်းကြီး”က တောများကိုရှင်းပြီး စေတီတော်၊စေတီအိမ်ပြဿဒ် ကိုပြန်လည်မွမ်း မံပြီး ပူဇော်ကြကုန်၏။ထိုအချိန်မှစ၍မွန်တိုင်းရှိ သူတော်ကောင်းအပေါင်းတို့သည်အစဉ် အတိုင်း လာရောက်ဖူးမျှော်ကြကုန်၏။ ထိုမှတဆင့် သက္ကရာဇ်-မသိ “ဓမ္မတြေလောကျနာထရာဇ် (ဗညားဦး)” စေတီတော်ကို အတောင် “၄၀” မြင့်အောင် ထပ်မံ ပြုပြင်ခဲ့သည်။ သက္ကရာဇ်-မသိ “သောမရာဇဓိရာဇ် (ရာဇဓိရာဇ်)” စေတီတော်ကို ကြီးအောင်း မွမ်းမံခြင်း၊ထီးတော်တင်ခြင်း၊ ရွှေခတ်ခြင်း တို့ဖြစ် ပြုပြင်ခဲ့သည်။ သက္ကရာဇ်-၇၉၈ “ရာမရာဇဓိရာဇ် (ဗညားရံ)” စေတီ၏ခေါင်းလောင်းပုခုံးထက်မှလည်းပြို ခဲ့သည်ကို “နာရဇဒေဝီ မိဘုရား”နဲ့အတူ “သာမ်လာမ် မင်းသား” ကိုစေခိုင်းပြီး စေတီတော်ကို ကြီသည်ထပ်ကြီးအောင် မွမ်းမံပြီး အင်္ဂတေ ဖြစ် လိမ်းကျံ ခဲ့သည်။ သက္ကရာဇ်-မသိ “ဇယဒ္ဒီသရာဇာဓိရာဇ် (ဗညားဗရူး)” “ရာယ် မိဘုရား” နှင့်တကွ အသာပြာများစွာကို စွန့်၍ စေတီကို ဒီထပ်ကြီးအောင်မွမ်းမံ ပြန်သည်။ “ဝိဟာရဒေဝီ မိဘုရား(ဗညားဗရူး ၏ မယ်တော်)” ဘုရာကို မွမ်းင်္မ ပြင်ဆင်သည်။ “ဗညားကျန်း (ဝိဟာရဒေဝီ ၏ သားတော်ငယ်)” အင်္ဂတေ လိမ်းကျံ ပြီး ထီးတော်အသစ် ထပ်တင်ခဲ့ သည်။ “ဂြီတြိဘုဝနာ ဒိတျဗဝရဓမ္မတြေလာကျနာထ မဟာဓမ္မရာဇာဓိရာဒေဝီ (ရှင်စောပု)” “ရာမာဓိပတိဂြီပရမ မဟာဓမ္မရာဇာဓိရာဇ် (ဓမ္မစေတီ မင်း)” တို့သည် စေတီတော်မြတ်ကို အကောင်းဆုံးဖြစ်အောင် မွမ်းမံခဲသည်။ စေတီအနီးတဝိုတ် ချိုင့်များအား ညီညာအောင် မြေဖို့ခြင်း၊ တောင်ကုန်းများအား ညီညာအောင် တူးဖြိုချခြင်း၊ ရွှေချထားသော ကျောက်ထီးများစေတီ ပတ်လည်တွင် စိုတ်ထူခြင်း၊ ဇရပ်ဆောက်ခြင်း၊ စေတီပတ်လည် သံတိုင်စိုတ်ခြင်း၊ သံတိုင် အပြင်ဘတ်ပတ်ပတိလည်အုန်းပင် အပြည့်စိုက်ခြင်း၊ တို့ဖြစ် အစွမ်းကုန် မွမ်းမံခဲ့ကြသည်။ ယနေ့တွေ့မြင်ရသော “ရွှေတိဂုံစေတီတော်” သည် ရှုးမငြီးအောင် သပ္ပါယ်ဖွယ်ကောင်းနေခြင်းမှာ ရှေးမွန်ဘုရင်များ၏ ပြုပြင်မွမ်းမံခြင်းမှာ အရမ်းအရေးပါခဲ့သည်။ ရှေးမွန်ဘုရင်များ၏ ကုသိုလ်ဒါနကို “သာဓုအနုမောဒနာ” ခေါ်ဆိုရင်.............................
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment