kd-family
Pages
Home
ၘ ပါရမီ ဖြည့်သူ (ခ) ပညာရှိသော မင်ကံစီ ၙ
ဗညာနွဲ့၏ ရည်ရွယ်ချက်မှာ “မင်းဧကရာဇ်” ဖြစ်ရေးကလွဲလို့ တခြားဘာမှမရှိသူသာ မင်း ဧကရာဇ် ဖြစ်ခဲ့ပါက မင်းတကါတို့ အလေးအနက်ထားရမည့် “ရာဇဓိရာဇ်” ဟူသော မင်း ဧကရာဇ်ဘွဲ့အမည်ခံရန်လည်း ကြိုတင်တွေဆ ထားပြီးဖြစ်သည့် အတွက် သူ့အဖို့တော့ စားလည်း ဒီစိတ်၊သွားလည်း ဒီစိတ် ယုတ်ဆွအဆုံး အိပ်စက်အနားယူရာတွင်လည်း မင်းဖြစ် လိုစိတ်အလေးကဲနေခဲ့သည်။ ရတနာသုံးပါးကို မပြတ်ဆည်းကပ်သည်။ တိုက်ရည်၊ခိုက်ရည် ပြည့်ဝအောင်အမြဲ ကြိုးစားသည်။လူကောင်း သူကောင်းမှာလည်းချစ်ခင်တက်၏။ စင်စစ်သူ့ ခမည်းတော်ဗညားဦး ဖြစ်သောငြား ခမည်းတော်၏အချစ်များမှာ သူ့အပေါ်အလေးမသာခဲ့ပါ။ မယ်တော်ကွဲ၏သား “စောခုံမှိုင်း” အပေါ်၌သာ အလေးသာနေသည်ဟုသူ့စိတ်ထဲယူဆနေ သည်။ သည်တော့ လူတကါအလေးထားဖို့ရာ တိုင်းပြည်တကါလေးစားဖို့ကိုယ်စွမ်းဉာဏ်စွမ်း ရှိမှဟူ၍ လည်း လေးလေးနက်နက်ခံယူထားခဲ့သည်။ သို့ဆိုလျှင် ပစ္စက္ခတ်အခြေအနေတွင် သူဘာများလိုအပ်နေပါလည်း သူ့လိုအပ်ချက်ကိုသူ့ဦးနှောက် ကသိစွမ်းနေသည်။ သူလိုအပ် သည်က တိုင်ပင်ဖေါ်တိုင်ပင်ဖတ်။သူအပေါ်တွင်အဆိုးအကောင် မှန်သမျှကိုအကျိုးအကြောင်း နှင့် လမ်းပြပေးနိုင်သည့် ပညာရှိပဲလိုအပ်သည်။ မှန်သည်။သူအဖို့ယခုအချိန်၌ သူ့ရည်းမှန်း ချက် ပေါက်မြောက်အောင်မြင်ရေးအတွက် ပညာရှိလိုအပ်နေပါပြီး “ပလာ”ဟူသော အရပ် ၌သာမဏေတစ်ပါးရှိသည်။ အပြောအဆိုထူးခြားလှသည်ဆိုသော စကါးတွေဟာဆာမွတ်နေ သော ဗညားနွဲ့ ၏ရင်ကိုလှုပ်ခါသွားစေခဲ့သည်။သည့်အတွက် သူ့ရဲဘတ် “မသောက်”ကိုစေလွတ် ကါအစစအရာရာစုံစမ်းပြီးသတင်းပို့ရန်စေလွတ်လိုက်သည်တာဝန်အရ“မသောက်” သည်“ပလာ”အရပ်သို့ရောက်ခဲ့ရချေ၏။ရောက်တော့ဒေသခံ “တလခွာဂရန်” နဲ့တွေ့ပြီးလာ ရင်းကိစ္စ္စအတွက်စုံစမ်းသည်။“ထူးမထူးတော့ ကိုယ်လူပဲအကဲခတ်ပေတော့ ပြေလိုက်တဲ့စကါး တွေက တစ်ဖက်သားနားမလည်အောင်ဖြစ်ဖြစ်နေတယ်။ကျုပ်တို့ဦးနှောက်နဲ့လိုက်မမှီတာအ မှန်ပဲ ကိုင်းလာပါဗျာ ရောက်တုန်းရောက်ခိုက်လောင်းကြေး၊စားကြေး ကြက်ပွဲကလေးနွှဲလိုက် ကြရအောင်” ဝါသနာအရင်းအခံရှိသူမို့ကြက်ပွဲကလေး ဝင်နွှဲလိုက်မိသည်။လောင်းကြေးက နည်းနည်းနောနောမဟုတ်သဖြစ် နွှဲရသည်မှာရင်တဖိုဖိုနဲ့ ထိုအတောအတွင်းသူတို့ကြက်ဝိုင်း ဘေးသို့ ကိုရင်တစ်ပါးဖြတ်လျှောက်လာသည်။“ကိုရင်ဘယ်ကြွမလို့တုန်း”“ဆရာတော်ခိုင်း လိုက်လို့ ကျောင်းဒကါတစ် ယောက်ရဲ့ရောဂါအခြေအနေ သွားမေးမလို့ပါ စမ်းသပ်ကြည့် ရှုမယ့် အပိုင်းလည်း ပါသပေါ့ ကဲ့သွားပြီး ဒကါကြီး” “ကိုရင် ပြန်ကြွလာတဲ့အခါတပည့်တော် တို့ကို ကျောင်းဒကါရဲ့အခြေအနေ ပြောသွားပါဦးဘုရား သည်မှာဧည့်သည်လည်း ရှိနေလို့ မဟုတ်ရင် တပည့်တော်ပါ လိုက်သွားချင်ပါတယ်” “ကိစ္စမရှိပါဘူး”ထိုသို့ပြောဆိုပြီးနောက် ကိုရင်လည်း အရပ်တစ်နေရာသို့ခြေဦးလှည့်လိုက်သည်။ကဲ့မိတ်ဆွေ အဲဒါမိတ်ဆွေတွေ့ ချင်နေတဲ့ သာမဏေပဲ ပြန်လာရင် ကျုပ်တို့နားမလည်နိုင်တဲ့္ကဉာဏ်မမှီတဲ့စကါတွေပြောလိမ့်မယ် အကဲသာခတ်ကြည့်ပေတော့ဗျာ။ “စိတ်သာချ သေသေချာချာကို အကဲခတ်မှာ၊ ဒါထက်အဲကိုရင်ရဲ့ဘွဲ့ကဘာတဲ့တုန်း” “ရှင်ဗုဒ္ဓညာဏ..တဲ့”သည်လိုမျိုး စကါးတွေပြောဆို ကြ ရင်း ကြက်ပွဲနွှဲလို့အပြီးမှာပဲ ရှင်ဗုဒ္ဓညာဏ မည်သောကိုရင်လေး သူတို့ရှိရာဘတ်သို့ပြန် ကြွလာခဲ့သည်။ “ကျောင်းဒကါအခြေအနေ ဘယ်လိုတုန်းကိုရင်ပြောပြပါအုံး”“ အင်း...အခြေ အနေကတော့ 'ဂ' လည်း 'ဂ'မဟုတ်၊'ရာဟု' လည်း 'ရာဟု' မဟုတ်နဲ့၊ပြောရရင်တော့ ကျွဲထွန် ယောက်ျား လက်ကန်သင်းထောင့်ရောက်တဲ့အခါ နှင်တံကိုမောင်းသလိုမျိုး၊ ဆီးကင်လောက်ကလေးကို မိုးချလိုက်သလိုမျိုးပဲ ဆိုပါတော့” သည်လိုစကါးကိုဆိုပြီး ကိုရင်ဟာသူသတင်းသုံး တဲ့ ကျောင်းဆောင်တို့ ဣနြေ္ဒလှစွာသောခြေလှမ်းများဖြစ်ပြန်ကြွသွားသည်။“အဲဒါသာ ကြည့်တော့မိတ်ဆွေ ပြောလိုက်ရင် ဘယ်တော့မှ ရှင်းရှင်းလင်းလင်းမရှိဘူး ခုပြောသွားတဲ့ စကါးကို မိတ်ဆွေ နားလည်လား”“ဟာ..ဟာ..ဝေးသေးဗျာ...” “ဒါဆိုသူ့ဆရာတော်ကြီးဆီ သွားမေးလျှောက်ကြရအောင် လာပါဗျာ ”သိုဖြစ် ကိုရင်လေး၏ဆရာတော် နိဗ္ဗာန်ကျောင်း ဆရာတော်ထံသွားရောက်၍မေးမြန်းခဲ့သည်“ဒကါတို့ ငါ့ကိုရင်လေးဟာအရွယ်နဲ့ မလိုက် အောင် ဗေဒင်အတတ်၊ဟူးရားအတတ်တို့မှာ တစ်ဖတ်ကမ်းတော်တဲ့သူ၊ သူဒကါတို့ကိုပြော ခဲ့တဲ့ စကါးဟာ အဓိပ္ပါယ်ရှိတဲ့ စကါးတွေပါ ပေါ့သေးသေးမမှတ်ကြနဲ့.” ဆရာတော်ထံမှ ခွဲခွာလာခဲ့ပြီးနောက် ရဲဘတ်“မသောက်”အဖို့ချက်ချင်းဆိုသလို ဗညားနွဲ့ဆီသို့လျှောက်တင် ခဲ့သည်။ဗညားနွဲ့မည်သောသူသည် ကိုရင်စကါးကို ကြားလျှင် ကြားရချင်း ဦးစွာရတနာ သုံးပါး ဦးထိပ်ထား၍အဓိဋ္ဌာန်ပြုလိုက်သည်။ “ငါဟာ ဧကန်မင်းဧကရာဇ်ဖြစ်မယ်ဆိုလျှင် ကိုရင်စကါးကိုဖြေဆိုနိုင်ပါစေ” 'ဂ' လည်း 'ဂ'မဟုတ်၊'ရာဟု' လည်း 'ရာဟု' မဟုတ်ဆိုတော့ 'အစ်'ပဲဖြစ်ရမှာပေါ့ ကျွဲထွန် တို့ရဲ့သဘာဝကါ ဖြောင့်ဖြောင့်သွားရင်'ကွပ်'အခုတော့ထောင့် ကိုဦးတည်သွားတယ်ဆိုတော့'ဇေ'နောက် ဆီးကင်ကိုမိုးချလိုက်သလိုမျိုး ဆိုတော့'ဝ'ကို 'ဝိုက်ချ'ထည့်ရမယ် ဒါဆို'ဝါ'ပေါ့ အဲတော့အက္ခရာသုံးလုံးကို စုလိုက်တဲ့ခါ'အစ်ဇေဝါ' ဖြစ် သွားပြီး။အဲဒီအဓိပ္ပါယ်ကိုဖော်လိုက်တဲ့အခါကျောင်းဒကါရောဂါအခြေအနေဟာပြင်ထန်တယ် ဒီနေ့မကျော်နိုင်တော့ဘူး ဒီနေ့သေလိမ့်မယ် ဆိုတဲ့သဘော”ထိုသို့ သူဖော်ထုတ်လုပ် တဲ့ အဖြေဟာ ပကတိဖြစ်ပွားလျက်ရှိသည်ကိုသိသောအခါ သူမှာပီတ်တွေတဖွာဖွာနဲ့။ ရှင် ဗုဒ္ဓညာဏခမျာ အကိုဖြစ်သူ လယ်သူရင်းငှားက သူလုပ်ရမယ့်အလုပ်ကိုမလုပ်ပဲတစ်နယ် တကျေးသို့ ထွတ်ပြေးလေရာ အမှုအခင်းမဖြစ်ချင်လို့ လူဝတ်လည်းပြီး အကိုကိုယ်စား လယ် သူရင်းအလုပ်ဝင်လုပ်ရပြန်၏။ထိုလယ်ပိုင်ရှင်မှာ “တလခွါဂရန်”ပင်ဖြစ်သည်။ရှင်ဗုဒ္ဓညာဏ လူထွတ်တော့သူ့အမည်မှာ“မင်းကံစီ”ဟူ၍ဖြစ်လာသည်။သူဝန်းကျင်နားမှာဗညားနွဲ့စေခိုင်း မှုကြောင့် “မသောက်”ကအမြဲရှိနေသည်။တစ်နေ့“မင်းကံစီ”အားလယ်ရှင်ကညောင်ပင်ပေါ် သို့ တက်စေကါ နွားများမည်သည့်နေရာတွင်ရှိမရှိကြည့်ခိုင်းသည် မင်းကံစီကလည်း သွက် သွက်လက်လက် ညောင်ပင်ပေါ်တက်ပြီးပြန်ဆင်းလာရင်းလယ်ရှင်က“နွားများမြင်ခဲ့သ လား” ဟုမေးရာ မင်းကံစီက“မမြင်လို့တာပေါ့ဗျာ မြင်တာမြင်ခဲ့ရင် ကျုပ်မြင်ရတော့မှာမဟုတ်ဘူး” တဲ့။ “မင်းကံစီရယ် မင်းစကါးတွေက အဆန်းပါလားကွာတိုတော့ ဘယ်လိုနားလည်ရမှန်း မသိဘူး။ အဲစကါးသည် “မသောက်”မှတစ်ဆင့် ဗညားနွဲ့ထံသို့ရောက်ခဲ့ပြန်သည်။သည်တော့ သူသည် ရတနာသုံးပါး ဦးထိပ်ထား၍အဓိဋ္ဌာန်ပြုလိုက်သည်။ “ငါဟာ ဧကန်မင်းဧကရာဇ် ဖြစ်မယ်ဆိုလျှင် ကိုရင်စကါးကိုဖြေဆိုနိုင်ပါစေ” ထိုသို့ လေးနက်စွာအဓိဋ္ဌာန်ပြုပြီး သူ့ဖာသာ အဓိပ္ပါယ် ဖော်ကြည့်သည်။ “သူဟာ နွားပျောက်လို့ ညောင်ပင်ပေါ်တတ်ပြီးနွားတွေကိုကြည့် တယ် နွားကိုမြင်တော့မှ သစ်ပင်ပေါ်ကဆင်းတယ် အဆင်းမှာ သစ်ပင်ခွကြားမြွေကို တွေ့ လို့သာ.မမြင်လို့တာပေါ့ဗျာ မြင်တာမြင်ခဲ့ရင်ကျုပ်မြင်ရတော့မှာမဟုတ်ဘူးလို့ဆိုတဲ့သဘော။ သူဖော်ထုတ်သောအဖြေသည် မှန်ကန်သောကြောင့်အတိုင်းမသိဝမ်းသာနေလေတော့သည်။ ဟော.မင်းကံစီ တစ်ယောက်ကုသိုလ်ကံ ကောင်းလို့လားမသိ နိဗ္ဗာန်ကျောင်းဆရာတော်က လယ်ပိုင်ရှင်ထံမှ ပြန်ရွေးပြီးသင်္ကန်းဆည်းပေးလိုက်ပြန်သည်။ထိုအခါ မင်းကံစီမှာ ရှင်ဗုဒ္ဓ ညာဏ ဖြစ်ရပြန်သည်။သည်တော့လည်း “မသောက်”မှာလည်းကပ္ပိယပုံစံဖြစ်နိဗ္ဗာန်ကျောင်း သို့ ခိုဝင်ရပြန်သည်။တစ်နေ့ဆရာတော်သည် ရှင်ဗုဒ္ဓညာဏ ကိုလှမ်းခေါ်လိုက်သည်။ “ဟေး ..ကိုရင် လာစမ်းပါဦး”မင်းရဲ့ခါးပိုက်ဆောင်ထဲမှာ ဖုလုံးလုံးတွေပါလား ဘာတွေကို ခါးပိုက် ဆောင် ထဲထည့်ထားလို့တုန်း တပည့်တော် ခါးပိုက်ဆောင်ထဲမှာလား “သျှဝကွမ်း”ပါဘုရား။ “ဟေး..မင်းကတော့လုပ်ပြီး ငါမေးတာတောင်မှ အဖုံးအဝှက်လေးနဲ့ ဘာခေါ်မှန်းတောင်မသိ အောင် ဖြေချလိုက်ပြန်ပြီး.ဟာဟာ”ဟုပြောပြီး ပြုံး၍ထွတ်သွားလေသည်။သည်စကါးသည် ဗညားနဲံွ့ထံရောက်ရှိသွားရာ ဗညားနွဲ့က ထုံစံအတိုင်း အဓိဋ္ဌာန်ပြုလိုက်ပြန်သည်။ ထို့နောက် “သျှဝ .ဆိုတာမွန်ဘာသာ စကါးဖြစ်တယ် မြန်မာလိုဆိုလျှင် ဟင်း.လို့အဓိပ္ပါယ်ရတယ်။ ..ကွမ်း..ဆိုတာကလည်း မွန်ဘာသာပဲ မြန်မာလို .သား..လို့အဓိပ္ပါယ်ရတယ်နှစ်ခုပေါင်းလိုက် ရင် ဟင်းသား တော့မဖြစ်နိုင်ဘူး ဟင်္သာဖြစ်နိုင်တယ် ဟုဆိုသည်။အဖြေမှန်မှန်သိ သောအခါ “ဟဲ့...မသောက် အဲကိုရင်ရဲ့လက္ခဏာဘယ်လိုရှိလည်း ဘယ်လိုပုံစံလည်း “ဆင်းဆင်းရဲရဲ ညှိုးညှိုးငယ်ငယ် ရှိပုံရတယ် ဥပဓိရုပ်ကတော့ တည်ကြည် လှပါတယ်” “ ကဲ့ ဒါဆို အဲ့ ကိုရင်ကို သွားခေါ်ချေတော့ ” ဟုဆိုလိုက်သည်။ မသောက်သည်နိဗ္ဗာန်ကျောင်းသို့ရောက် သော အခါ ကျောင်းထိုင်ဆရာတော် နှင့်တွေ့ပြီး ဒကါကြီးဗညားနွဲ့က တိုင်ပင်ဖော်ပုဂ္ဂိုလ် အလိုရှိလို့ အရှင်ဗုဒ္ဓညာဏ ကိုအလို့ရှိကြောင်း လျှောက်ထားပြီး လိုအပ်တာများ လှူဒါန်း ခဲ့လေသည်။ မင်းကံစီရောက်လာသောအခါ ဘယ်ဘဝကရေစက်လည်း မသိမြင်မြင်ချင်း ကယ့်သွေးသားရင်းပမာ ချစ်ခင်ကြသည်မင်းကံစီက “ဘုန်းတော်ကြီးတဲ့သခင်အရှင် ဗညားနွဲ့အခုဆိုအရှင်ရဲ့အနားကိုကျွန်တော်ရောက်နေ ပါပြီး အရှင်ဟာ ဟင်္သာကိုပိုက်ရမဲ့ အရှင်ဧကရာဇ် ဖြစ်လာတော့မှာပါ” ဟုဆိုလိုက်ရာ ထိုစကါးသည် ဗညားနွဲ့ အတွက်အရမ်းကို အားဖြစ်စေခဲ့သည်။ ထို့နောက်မင်းကံစီသည် ဗညားနွဲ့မင်းဧကရာဇ်ဖြစ်ရန် အဓိကနေရာ က အကြံညာဏ်များစွာပေးခဲ့သည့်ဗညားနွဲ့ မင်းဧကရာဇ်ဖြစ်လာစေရန် ပါရမီ ဖြည့်ပေးခဲ့သူတစ် ယောက်ဖြစ်ခဲ့သည်။ ဗညားနွဲ့နန်းတက်သောအခါ မင်းကံစီအား “ရာဇမနု” ဟုဘွဲ့တော်ချီး မြှင်း ခဲ့ပြီး ဆရာတစ်ယောက်လို သဘောထားကာ အကြံညာဏ်များတောင်းဆိုခဲ့သည်။ ထို့နောက် ရာဇမနု(မင်းကံစီ)သည်သူ့ရှင်အပေါ် သက်ဆုံးထိတိုင်ပါရမီဖြည့်ခဲ့လေသတည်း။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment